Boogyi Game | Play Free Online Online Boogyi Game

ဘူ ကြီး ဂိမ်းညွှန်ကြားချက်

1. နိဒါန်း
ဘူကြီး သည်မြန်မာနိုင်ငံတွင်လူကြိုက်အများဆုံးဂိမ်းတစ်ခုဖြစ်သည် ။ ဤဂိမ်းတွင်သင့်ကဒ် ကို သင်္ချာတွက်ချက်မှုအရအချိန်ကာလတစ်ခုအတွင်း၌ ကဒ်များကို“ ဘူကြီး / ဘူလေး ” အဖြစ်သို့လျင်မြန်စွာပြောင်းလဲနိုင်သည်။ ဤကဒ်ဂိမ်းတွင် “ဘူကြီး” ၏ထူးခြားချက်မှာ 10, J, Q, K ထုတ်ပယ် ထားသောကဒ်များဖြစ်ပြီး ကျန်ဖဲချပ် များဖြင့် ကစားသမား တစ်ဉီးချင်းစီတိုင်းကို ဖဲချပ် ၅ ချပ်စီ‌ ဝေ၍    “ ဘူကြီး / ဘူလေး ” ဖြစ်ရန် တွက်ချက် ကစားရခြင်းဖြစ်သည် ။

2. ဘူကြီးဂိမ်းအားမည်သို့ကစားရမည်နည်း နှင့် စည်းမျဉ်းများ
ဘူကြီးဂိမ်းသည် စားပွဲတစ်ခုတွင် အနည်းဆုံးလူ ၂ ယောက်မှအများဆုံး ၇ ယောက်အထိကစားနိုင်သည့်  ကဒ်ဂိမ်းတစ်ခုဖြစ်သည်။
ပထမဦးစွာကစားသမားအားလုံးအတွက် ၁၅ စက္ကန့်ရှိသည်။

 
အဆင့် ၁ - ပထမဉီးစွာ ကစား၀ိုင်းသို့ ၀င်ရောက်ရန် ကစားသမားများ လောင်း‌ကြေးမည်မျှ ရွေးချယ်သည့် ပေါ်တွင် မူတည်သည် ။
 

 
အဆင့် ၂ - ဖဲဝေသူသည် ဖဲချပ် 1ချပ်မှောက်ထားသော ကဒ်အပါအ၀င် ဖဲချပ် ၅ချပ် ‌ဝေလိမ့်မည်။ ကစားသမားများသည် ကဒ်ပြားကိုလှန်လိုက်ပြီးပထမ ၃ ကဒ်တွင် ၁၀ (သို့) ၂၀ ပေါင်းလဒ် ရရန် ဖဲစီထားပြီးနောက် ၂ ကဒ်တွင်လည်း ထိုကဒ် ၂ကဒ်၏ ပေါင်းလဒ် သည် ၁၀ ဖြစ်လျှင် ထိုအရာကို “ဘူကြီး” ဟုခေါ် သည် ။
 

အဆင့် ၃ - ဘူလေး သည် “ဘူကြီး”ကဒ်ရှိသော ကစားသမားများကိုအနိုင်ရရှိရန် အမြင့်ဆုံးကဒ်ဖြစ်သည်။ “ဘူလေး”ဟုခေါ်သော ကဒ်ပြား ၅ ခု၏ စုစုပေါင်း ပေါင်းလဒ် ၁၀ ရရန် ကစားသူတစ်ဦးစီကကြိုးစားနိုင်သည် ။
 

အဆင့် ၄: အမြင့်ဆုံးရမှတ် - ပထမကဒ် ၃ ခု၏ပေါင်းလဒ် ၁၀ သို့မဟုတ် ၂၀ ဖြစ်လျှင်ကစားသမားတစ် ဦးချင်းစီသည်နောက်ဆုံးကဒ် ၂ တွင် အနိမ့်ဆုံးရမှတ် ၁ မှ အမြင့်ဆုံး ၈ /၉ ရရန်ကြိုးစားနိုင်သည်။
 

 
အဆင့် ၅ - ကစားသမားများအနေဖြင့် အနိုင်/ အရှုံး ကဒ်ပြားများကိုနှိုင်းယှဉ်ရန် ဖဲဝေသူက ဖဲဝေလိမ့်မည်။ စားပွဲတွင်အမြင့်ဆုံးကဒ်ပြားရှိသောကစားသမားများမှ အနိုင်ရလိမ့်မည်။
 

 
3. အနိုင်ရစည်းမျဉ်းများ
+ လောင်းကြေးအနိုင်ရနှုန်း:  
+ နောက်ဆုံး ကဒ် ၂ကဒ်၏ ပေါင်းလဒ်သည် ၅ နှင့်ညီပြီး ၅ထက် ငယ် နေလျှင် လောင်းကြေး၏တစ်ဆ .
+ နောက်ဆုံး ကဒ် ၂ကဒ်၏ ပေါင်းလဒ်သည် ၆ (သို့) ၇ ဖြစ်လျှင် လောင်းကြေး၏နှစ်ဆ
+ နောက်ဆုံး ကဒ် ၂ကဒ်၏ ပေါင်းလဒ်သည် ၈ ဖြစ်လျှင် လောင်းကြေး၏သုံးဆ
+ နောက်ဆုံး ကဒ် ၂ကဒ်၏ ပေါင်းလဒ်သည် ၉ ဖြစ်လျှင် လောင်းကြေး၏လေးဆ
+ ဘူကြီး/ဘူလေး ဖြစ်လျှင် လောင်းကြေး၏ငါးဆ
ကစားသမားတစ်ဦးချင်းစီ၏ကဒ်များ၏တန်ဖိုးရမှတ်ကိုစားပွဲရှိအခြားကစားသမားများ၏ တန်ဖိုးရမှတ်နှင့်နှိုင်းယှဉ်မည်။ အကယ်၍ ကစားသမား၏ရမှတ်သည်အခြားကစားသမားများ၏ရမှတ် ထက်များပါက ထိုကစားသမားသည်အနိုင်ရလိမ့်မည်။ ရှုံးသည့်ကစားသမားသည် အနိုင်ရသူ၏လောင်းကြေးနှုန်းဖြင့် မြှောက်သည့် လောင်းကြေးပမာဏကို ပေးရမည် ။
အကယ်၍ နောက်ဆုံးကဒ် ၂ ခုတွင်တူညီသောရမှတ်ရှိလျှင်ကစားသမားသည်၎င်းတို့၏နောက်ဆုံးကဒ် ၂ ခုရှိအမြင့်ဆုံးကဒ်ဖြင့်နှိုင်းယှဉ်ပါလိမ့်မည်။
အကယ်၍ ကစားသမားသည် ဘူကြီး , ဘူလေး (သို့)မစီစဉ်ထားသည့်ကဒ်များဖြင့်အနိုင်ရလျှင် ကစားသမားတစ်ဦးချင်းစီ၏ကဒ် ၅ ခုတွင်
အမြင့်ဆုံးကဒ်ကိုနှိုင်းယှဉ်နိုင်သည်။
ဂိမ်းထဲ၌အဆင့်သတ်မှတ်ချက်များ - ဘူလေး > ဘူကြီး > ရေတွက်ခဲ့သောအမှတ်များ> စီ၍မရသောကဒ်များ

+ ကဒ်တန်ဖိုး
10,J,Q,K ကိုပယ်ထုတ်ထားပြီး ကျန်သောကဒ်များ၏တန်ဖိုးအစဉ်လိုက်များမှာ A > 9 > 8 > 7 > 6 > 5 > 4 > 3 > 2
Ranking suits -  ♠ >  >  > ♣

မှတ်ချက် -
“ဘူကြီး”၏ ထူးခြားချက်မှာ ဖဲဝေသူ၏ဆုံးဖြတ်ချက် မရှိဘဲ စားပွဲတွင်ကစားသမားများက ကစားပြီးရမှတ်၏  အနိုင် (သို့ ) အရှုံး ကို အခြားကစားသမားနှင့်လွယ်ကူစွာ နှိုင်းယှဉ်နိုင်သည်။
ကျွန်ုပ်တို့၏ ဂိမ်းနှင့်အတူ ကောင်းသောအချိန်လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်  !!!
LINK :

အခြားနည်းလမ်း